ဒါကတော့ TeamViewer 8 နောက်ဆုံးထွက် free Version လေးပါ အင်တာနက်ရှိရင် ကွန်ပျူတာအချင်းချင်း ဝင်ပြီးတော့ ပြုလုပ်လို့ရပါတယ် (ဥပမာ) ဆော့ဝဲလ်ထည့်တာပဲဖြစ်ဖြစ် ကွန်ပျူတာသန့်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ် ဒါပေမေ့ ကိုယ်မရှိပဲ သူများကို ပေးသုံးခဲ့မယ်ဆိုရင်တော့ ယုံကြည့်စိတ်ချရတဲ့သူကိုပဲ ပေးသုံးပါ ကြိုပြီးသတိပေးတာပါ ဘာလို့လဲဆိုတော့ ကိုယ်ကကွန်ပျူတာနားမှာမရှိဘူးဆိုရင် သူများက ကိုယ့်ရဲ့ကွန်ပျူတာကနေ အရေးတကြီးသိမ်းထားတဲ့ အချက်အလက်တွေကို ဖွင့်ကြည့်သွားနိုင်ပါတယ် သူငယ်ချင်းများနဲ့ မိသားစု ညီကိုမောင်နှမတွေရဲ့ ကွန်ပျူတာကို အဝေးကနေ လှမ်းကြည့်ပြုပြင်ပေးတဲ့နေရာမှာ အသုံးကောင်းတဲ့ ဆော့ဝဲလ်လေး တစ်ခုပါ လိုချင်တဲ့ သူတွေရှိရင် အောက်ကလင့်မှာဒေါင်းယူပါ အသုံးပြုပုံလေးကိုလဲ အောက်မှာရှင်းပြထားပါတယ်
ဒီမှာယူပါ==>>Download
ဒီကောင်လေးကို Rum ပြီးဖွင့်ပါပြီးရင် အောက်ကပုံတွေလို အဆင့်ဆင့်သွားလိုက်ပါ
(၁) ကိုယ်ဝင်လုပ်မဲ့ ကွန်ပျူတာမှာ ဖွင့်ထားတဲ့ ID နံပါတ် 9 လုံးကိုတောင်းယူလိုက်ပါ
(၂) ကိုယ့်ကွန်ပျူတာရဲ့ Partner ID ဆိုတဲ့နေရာမှာ အဲဒီဟိုဖက်ကွန်ပျူတာရဲ့ နံပါတ် 9 လုံးကိုရိုက်ထည့်လိုက်ပါ
(၃) Connect to partner ဆိုတဲ့နေရာမှာနှိပ်လိုက်ပါ
(၄) ပေါ်လာတဲ့နေရာမှာ ကိုယ်ဝင်လုပ်မဲ့ ကွန်ပျူတာရဲ့ Password (4) လုံးကို password နေရာမှာထည့်လိုက်ပါ
(၅) Log On မှာနှိပ်လိုက်ရင် တစ်ဖက်မှာရှိတဲ့ ကွန်ပျူတာကို ဝင်လုပ်လို့ရပါပြီ
နံပါတ် (၁) ကနေ (၅) အထိ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်
0 comments:
Post a Comment