လာရောက်လည်ပတ် သူအားလုံးမင်္ဂလာပါ ကျွန်တော် ဒီ Blog လေးမှာ နောက်ထပ် Post မတင်တော့ပါ လက်ရှိ Post အဟောင်းတွေနဲ့ နောက်ထပ် Post အသစ်တွေကို ဒီစာတမ်းလေးမှာနှိပ်ပြီး ကျွန်တော်ရဲ့ Blogger သစ်လေးကို လာလည်ဖို့ဖိတ်ခေါ်ပါတယ်

Gmail & Facebook New Account ဖွင့်နည်း


အားလုံးမင်္ဂလာပါ အခြေခံ Gmail Account ဖွင့်နည်းနဲ့ အခြေခံ Facebook Account ဖွင့်နည်းလေးကို ရေးသားလိုက်ပါတယ် ဒီပို့စ်လေးကိုရေးသားခြင်းကတော့ အခုမှအင်တာနက် လိုင်းပေါ်ကို ရောက်တာတဲ့ ညီအကိုမောင်နှများအတွက် ကိုယ်တိုင် Account လေးလုပ်တတ်အောင်လို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် မိမိအသုံးပြုတဲ့ Account လုံခြုံစေချင်တယ်ဆိုရင် မိမိကိုယ်တိုင်ဖွင့်သုံးခြင်းကအကောင်းဆုံးပါ သိတဲ့တတ်တဲ့သူတွေ အတွက်တော့ ဆောရီးပါနော် လုံးဝ မသိမတတ်သေးသောသူများအတွက် ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါသည် Gmail Account ဖွင့်ဖို့စရအောင် Google ကိုသွားလိုက်ပါ www.gmail.com မှာ Email - Gmail - Google  နှိပ်ပြီးအကောင့်သစ်လုပ်ဖို့သွားလိုက်ပါ ဒီနေရာလေးမှာ တိုက်ရိုက် သွားလည်းရပါတယ် အောက်ကပုံမှာအတိုင်း တစ်ဆင့်ချင်းစီဖြည့်စွက်ပါ သတိထားရမှာကတော့ Gmail လိပ်စာဖြည့်နေစဉ်ပါ အောက်မှာအနီရောင်နဲ့ပြထားလားပြန်ကြည့်ပါ မိမိဖြည့်လိုက်ပြီး အောက်မှာ အနီရောင် ပြထားရင် မရပါ Gmail လိပ်စာပြောင်းပြီးဖြည့်ကြည့်ပါ (ဥပမာ) maungmaung ဖြည့်လိုက်တဲ့အခါ မရဘူး အောက်မှာ အနီရောင်နဲ့ ရှိပြီးသားပြနေရင် maungmaung123 ပေါ့မိမိစိတ်ကြိုက်အဆင်ပြေသလိုဖြည့်ပါ ပြီးတော့ Password ကိုဖြည့်စဉ် ပုံမှာအတိုင်း အစိမ်းရောင်ပေါ်တဲ့ အထိနှိပ်ပါ အပြာရောင်လည်းရပါတယ် Password ကိုအပေါ်နဲ့အောက် အတူတူဖြည့်ပါ အားလုံးဖြည့်ပြီးရင်တော့ Next step မှာနှိပ်လိုက်ပါ

 အောက်ကပုံမှာအတိုင်း မြှားပြထားတဲ့နေရာမှာ နှိပ်ပြီး အဆင့်ဆင့်ဆက်သွားပါ


 ဒီအဆင်မှာတော့ သင်ဟာ Gmail Account တစ်ခုကို ပိုင်ဆိုင်သွားပါပြီ

 Gmail ရှိပြီဆိုတော့ Facebook Account လေးလုပ်ဖို့ စလိုက်ရအောင် www.facebook.com ကိုသွားလိုက်ပါ ပြီးတော့ Welcome to Facebook - Log In, Sign Up or Learn More အဲဒီမှာသွားပြီး အောက်ကပုံမှာအတိုင်း မိမိ အသုံးပြုလိုတဲ့ နာမည်ထည့်ပြီး Gmail ကိုတော့ မိမိလုပ်ထားတဲ့ Gmail ကိုဖြည့်ပေးလိုက်ပါ Female နဲ့ Male မှာတော့ ကိုယ်တိုင်ရွေးပါ ပုံမှာကတော့ သူငယ်ချင်းမိန်းခလေးအတွက်မို့ Female ကိုရွေးပေးထားပါတယ်

 ဒီအဆင့်မှာတော့ ကျွန်တော်ကတော့ Skip နဲ့ပဲကျော်ပါတယ် သဘောပါပဲ Add Friend လုပ်လည်းရပါတယ်
 Skip နဲ့ပဲဆက်ကျော်ပါ
 ဒါတွေကတော့ တခါတည်းဖြည့်လည်းရပါတယ် ကျွန်တော်ကတော့ နောက်မှဖြည့်မယ်ဆိုပြီး Skip နဲ့ဆက်ကျော်ထားပါတယ် မိတ်ဆွေတိုက တခါတည်းဖြည့်ခဲ့မယ်ဆိုရင်တော့ Save & Continue မှာနှိပ်ပြီးဆက်သွားပါ
 အောက်ကအဆင့်မှာတော့ Add Friend မှာအပ်ရင်လည်းရပါတယ် ကျွန်တော်ကတော့ Skip နဲ့ပဲကျော်ထားပါတယ်
 ဒီနေရာမှာတော့ ဓါတ်ပုံထည့်လို့ရပါပြီ ကျွန်တော်ကတော့ နောက်မှထည့်မယ်ဆိုပြီး Skip နဲ့ကျော်ထားပါတယ်
 အောက်ကအဆင့်မှာတော့ သင်ဟာ Facebook Account တစ်ခုကိုပိုင်ဆိုင်သွားပါပြီ
Facebook ကိုလုံခြုံစိတ်ချစွာ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို လေ့လာလိုက်ပါ

 <<<<<<<.......... အဆင်ပြေရင် Facebook Like လေးနဲ့ အားပေးခဲ့ပါနော် ..........>>>>>>> 














1 comments:

Com/ ^^Welcome~~To~~Arakankhinmaungsoe.Blogspot. >>>>> Download Now

>>>>> Download Full

Com/ ^^Welcome~~To~~Arakankhinmaungsoe.Blogspot. >>>>> Download LINK

>>>>> Download Now

Com/ ^^Welcome~~To~~Arakankhinmaungsoe.Blogspot. >>>>> Download Full

>>>>> Download LINK

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More